WARNING !


READ ME FIRST ကို အရင်ဖတ်ပေးကြပါ .. IT Ebook များကို မဒေါင်းနိုင်သူများ Blog အနေနဲ့ ကူးနိုင်အောင် စီစဉ်ပေးမည် ..
Showing posts with label IT POST. Show all posts
Showing posts with label IT POST. Show all posts

Saturday, 15 October 2011

မိမိရဲ့ ကွန်ပြူတာထဲက ဖိုင်တွေကို မကြည့် စေချင်ရင် သို့မဟုတ် မဖျက်စေချင်ရင်

မိမိရဲ့ ဖိုင်တွေကို မကြည့် စေချင်ရင် သို့မဟုတ် မဖျက်စေချင်ရင် ဒီဆော့(၀်) လေးကိုသုံးကြည့်ပါ။


ဒေါင်းပြီးရင် zip ဖိုင်ကိုဖြည်လိုက်ပါ။folder-protect-sw - 1.8.5 နှင့် License Key ထွက်လာပါမယ်။အရင်သွင်းလိုက်ပါ။ပြီးရင် buy ရယ် register ထွက်လာရင် register ကိုရွှေးပါ။License Key ကိုဖွင့်ပြီး Serial number & Activation key ကိုဖြည့်ပေးလိုက်ပါ။ submite ကိုနိုပ်လိုက်ပါ။အဲ့ဒါဆိုသုံးလို့ရပါပြီ ။ဖွင့်လိုက်ရင် password ပေးခိုင်းပါမယ်။မိမိပေးလိုတဲ့ password ကိုရိုက်ပါ။၂ ခါတောင်းပါမယ်။ပြီးရင် add ကနေ မိမိ ပိတ်လိုတဲ့ ဖိုင်ကိုရွှေးပေးပါ ။folder protect မှာ no access, no delete, no visible, no write ဆိုပြီး လေးမျိုးရွှေးလို့ရပါတယ်။ no access ဆိုဝင်ခွင့်မပေးပါဘူး။ စမ်းကြည့်မယ်ဆို အောက်မှာဒေါင်းလိုက်ပါ။
http://www.mediafire.com/?z6828ath81lgyyx
အဆင်ပြေကြပါစေ။


http://thangmuallamka.multiply.com မှ ကူးယူတင်ပြပါသည် ။

Tuesday, 11 October 2011

blogspot.com မှ co.cc ပြောင်းနည်း

          တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ ဆိုရှယ်ဆိုဒ်တွေ အများကြီးပေါ်ပေါက်လာသလို ကိုယ်ပိုင်ဖန်တီးထားတဲ့ ဘလော့ ဆိုဒ်များလဲ အများအပြားထွက်လာတာကိုတွေ့နေရပါတယ်။ စာဖတ်တာ ၀ါသနာပါသူများကတော့ ထိုဆိုဒ်တွေမှာ လိုက်ပြီး ဖတ်ရှုကြသလို ကိုယ်တိုင်ရေးသားတတ်သူတွေလဲ ရှိနေပါတယ်။ မိမိတို့ရဲ့ ဖန်တီးထားမှုများကို ကိုယ်ပိုင် ဆိုဒ်တစ်ခုတည်ဆောက်ပြီး ဖန်တီးလိုသူများက ပိုက်ဆံပေးစရာမလိုတဲ့ ကိုယ်ပိုင်ဒိုမိန်းလေးတွေ ယူပြီးဖန်တီးတတ်ကြပါတယ်။ ဒါပေမဲ့ www.blogspot.com ဟာ မြန်မာနိုင်ငံက လူတွေ အတော်များများ ပုံမှန် proxy နဲ့ဝင်ကြည့်လို့မရတတ်ပါဘူး။ ကျော်ခွပြီး ၀င်တတ်မှသာ တစ်ခါတစ်ရံဝင်လို့ရတာပါ။ ဒါကြောင့် များသောအားဖြင့် မိမိဆိုဒ်ကို နေရာစုံ နိုင်ငံစုံက ဖန်တီးလို့ရအောင် co.cc ဒိုမိန်းနဲ့ ပြောင်းပြီးဖန်တီးတတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ ဘလော့တွေကို ဒိုမိန်းပြောင်းချင်သူများအတွက် (co.cc သို့) ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြတာပါ။ သိပြီးသား သူငယ်ချင်းတွေလည်း အများကြီးရှိပါတယ်။ ဒီလူတွေကို ဆရာလုပ်ချင်တာ မဟုတ်ပါဘူး။ တကယ်လို့ မသိသေးတဲ့သူတွေ ရှိခဲ့ရင် အထောက်အကူဖြစ်အောင် တင်ပြပေးခြင်းဖြစ်တယ်ဆိုတာ ကောင်းကင်မောင်နှမတွေ နားလည်နိုင်ပါစေ လို့ ။။။

ပြုလုပ်ပုံ အဆင့်ဆင့် ..

၁. http://www.co.cc/  မှာ Accountတစ်ခု Register လုပ်ပါ။

၂. မိမိ Account ကို SignIn ၀င်ပါ... 'Domain Setting' ကို ရွေးပါ... မိမိ နှစ်သက်ရာနာမည်နဲ့  'Domain' နာမည် တစ်ခု Create လုပ်ပါ... မိမိနှစ်သက်ရာ နာမည်တစ်ခု (blogspot က နာမည်အတိုင်းပေးချင်လဲ ရပါတယ်)။ ဒီအကောင့်က blogspot.com ကနေပြောင်းဖို့ ပြုလုပ်မှာဖြစ်တဲ့အတွက် မိမိနှစ်သက်ရာ နာမည်နဲ့ ဘလော့တစ်ခု ဖန်တီးထားဖို့လိုအပ်ပါတယ်။ ..
ထို့နောက်  'Setup'ကို ရွေးပါ...

၃. Option သုံးခု ရှိတဲ့ထဲက ဒုတိယ Option ဖြစ်တဲ့  'Zone Record' ကို ရွေးရပါမယ်...

၎. 'Host' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... (Domain Nameမှာ 'www' ပါရပါမယ်...)
'TTL'မှာ '1D'ကို ရွေးပါ...
'Type'မှာ 'CNAME'ကို ရွေးပါ...
'Value'မှာ 'ghs.google.com'ကို ထည့်ပါ...

၅. 'Setup' buttonကို Clickလုပ်ပါ... ဒါဆိုရင် မိမိBlogအတွက် Domainတစ်ခုရပါပြီ...

ဒီအဆင့် ပြီးတဲ့ အခါမှာတော့ မိမိဒိုမိန်းကိုပြောင်းဖို့အတွက် ၄၈ နာရီ (၂ ရက်) စောင့်ဖို့လိုပါတယ်။ ၂ ရက်ကြာမှသာ အောက်က အဆင့်များကို ဆက်လုပ်ရမှာဖြစ်ပါတယ်။

၆. Blogger Accoutကို Login ၀င်ပါ... 'Setting' ကို သွားပါ... 'Publishing' Tab ကို ရွေးပါ...

၇. 'Custom Domain'ကို ရွေးပါ... 'Switch to advanced settings'ကို ရွေးပါ...

၈. 'Your Domain'မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... Saveလုပ်ပါ...Blogကို CustomDomain CO.CCနဲ့ အသုံးပြုလို့ ရပါပြီ...
 ဒီအဆင့်တွေက သူငယ်ချင်းတစ်ယောက်ဆီမှ ကိုယ်တိုင်ပြုလုပ်ချင်တုန်းက မေးထားတဲ့ အတိုင်းဖြစ်တဲ့အတွက် မူရင်းပြုစုရေးသားသူကို မဖော်ပြနိုင်တာ ခွင့်လွှတ်ပါလို့။ ကောင်းကင်မောင်နှမများ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။

မေတ္တာဖြင့်
အနာဂတ်ကောင်းကင် မိသားစု


blogspot မှာ favicon ထည့်မည်

အခု ပြောပြချင်တာကတော့ လွယ်တဲ့ သင်ခန်းစာလေးတစ်ခုပါ .. မိမိ blogspot မှာ favicon ထည့်ခြင်းပါပဲ .. ကျွန်တော့် blogspot မှာတောင် ထည့်ထားသေးတယ် .. ခုလိုမျိုးလေးပါ ..

အခု ကျွန်တော်က www.futureskypeace.blogspot.com မှာ ထည့်ပြမယ်နော် .. ပထမဆုံး favicon လေး တစ်ခုအရင်လုပ်ရမှာပေါ့ခင်ဗျာ .. သူက .png ဆိုရင်ပိုကောင်းပါတယ် .. တစ်ခြား photo file ( .jpg , gif ) စတာတွေလည်း ရပါတယ် .. png က transparent ဖြစ်တဲ့ အတွက်ကြောင့် ပိုမိုလှပါတယ် .. favicon က လေးထောင့်လေးဆိုရင် .jpg နဲ့ လုပ်ထားတယ်လို့ မှန်းဆလို့ရပြီး blogger favicon ဆိုရင် .png နဲ့ လုပ်ထားတာဖြစ်ပါတယ် .. ယခုကြည့်ရအောင်ပါ .. အောက်မှာ နှိုင်းယှဉ်ပြထားပါတယ် ..




အခု photoshop ကို ဖွင့်ပြီး F ဆိုတဲ့စာလေးကို ရေးမယ်ဗျာ .. ကျွန်တော်တို့ favicon ကို လုပ်ရင် လေးထောင့် အတိဖြစ်တဲ့ ( စတုရန်း )ပုံကိုပဲ ပေးလုပ်ပါတယ် .. မဟုတ်ရင်တော့ ရမရမသေချာပါဘူး ..




အခုလို သိမ်းတဲ့ အခါ .png နဲ့သိမ်းမယ်ဆိုရင် အောက်ကလို background layer ကို မျက်လုံးမှိတ်ပြီး png ( none mode ) နဲ့သိမ်းရပါတယ် .. ဒီလိုမဟုတ်ပဲ ရိုးရိုး jpg နဲ့ဆိုရင်တော့ .. ဒီတိုင်းသိမ်းသွားရုံပါပဲ ..


ပြီးသွားရင် ပုံကို upload လုပ်ဖို့ www.photobucket.com ကိုသွားပါ .. အကောင့်တစ်ခုလုပ်ပြီး upload လုပ်ပါ ..

လုပ်ပြီးသွားရင် ရလာတဲ့ပုံပေါ်မှာ right click ထောက်ပြီး view image ကို နှိပ်လိုက်ပါ .. အောက်ကလိုလေးရလာရင် address bar ကစာတွေကို ကူးပြီး notepad ထဲမှာ ခဏထည့်ထားလိုက်ပါ ..



ဒါဆိုရင် upload လုပ်ပြီးသွားပြီ .. ကျွန်တော်တို့ရဲ့ blogspot ထဲက design ထဲဝင်ပြီး html မှာ ခုလိုလေးဝင်ပြင်ရအောင်ဗျာ ..



<link href='' rel='SHORTCUT ICON'/>
<link href='  ခင်ဗျားတို့ upload လုပ်ထားတဲ့ ဓာတ်ပုံဖိုင်လင့်ခ် ကို ဒီမှာထည့်ရမှာပါ  ' rel='shortcut icon' type='image/vnd.microsoft.icon'/>
example :

<head>
<b:include data='blog' name='all-head-content'/>
<title><data:blog.pageTitle/></title>
<link href='http://i1180.photobucket.com/albums/x413/kyawoomaung/th_favicon.png' rel='shortcut icon' type='image/vnd.microsoft.icon'/>
<b:skin><![CDATA[/*

ပြင်ပြီးသွားရင် html ကို သိမ်းလိုက်ပေါ့ ..  ဒါဆို ခုလိုလေးရလာပါပြီ ...

 



အားလုံးပဲ အဆင်ပြေပါစေ .... ^_^
www.wytusnake.blogspot.com

Sunday, 9 October 2011

ကိုယ်နဲ ကိုယ်ချစ်သူတိုမွေးလာမဲ့ ကလေးရဲ ပုံစံလေးကို တွေချင်ပါသလား?

ကိုယ်နဲ့ကိုယ့်ချစ်သူတို့လက်ထပ်ပြီးတဲ့အခါ
မွေးလာမယ့်မိမိတို့ကလေးရဲ့ပုံကိုကြည့်ချင်ပါသလား
ဒီကို သွားလိုက်ပါ....http://www.makemebabies.com/

အရင်ဆုံး Browse ကနေမိမိပုံကိုတင်လိုက်ပါ
ပြီးရင် go ကိုနှိပ်လိုက်ပါ
ပြီးရင်မိမိပုံကို edit လုပ်ပြီး next ကိုပေးလိုက်ပါ

upload Partner's Photo ဆိုတာကိုကလစ်ပေးလိုက်ပါ
Browse ကနေမိမိ ချစ်သူပုံကိုထည့်လိုက်ပါ
next ပေးပါ
ြ့ပီးရင် ကောင်လေးပုံပေါ်စေချင်တာလား
ကောင်မလေးပုံပေါ်စေချင်တာလား ဆိုတာရွေးပါ
Baby name မှာနာမည်ထည့်ပါ
proceed ကိုပေးလိုက်ပါ


အဲဒါဆိုရင်တော့ မိမိတို့ရဲ့ baby ပုံလေးကိုတွေ့ရမှာဖြစ်ပါတယ်

အခုတလော europe မှာရေပန်းစားနေတဲ့ site လေးပါ
အနီးစပ်ဆုံးတူတယ်လို့တော့ညွန်းကျတာပဲ....
စမ်းကြည့်ကြပေါ့......Register လုပ်ဖို.တော့လိုပါတယ်....

ကျွန်တော်ကတော့ စော်မချိလို့ .. X-men ကားထဲက မင်းသမီး ( jennifer lawrence ) နဲ့ ပွားလိုက်တယ် .. ကလေးက ရုပ်တောင်ပိုဆိုးသွားသလိုပဲ .. ဟီးဟီး .. ဒါပေမယ့် ကိုယ့်သမီးလေးဖြစ်ပြီဆိုတော့ ချစ်ရတော့မှာပေါ့နော့  .. ကလေးလေးနာမည်က မှတ်ထားဦးနော် .. jennifer kyaw တဲ့ .. :P





အဆင်ပြေလားမသိဘူး ? အဆင်ပြေရင် ကောမန့်လေးတွေ မြင်ချင်တယ်ခင်ဗျာ ... ခင်မင်လျှက် .. snake

http://answerfriends.multiply.com က မှီငြိမ်းထားတာပါခင်ဗျ

Offline Sign out or Log Out-လုပ်နည်း

တခါတလေ မိမိကိုယ်ပိုင် ကွန်ပျူတာ/ အင်တာနက်မှာ မဟုတ်ဘဲ...Internet Cafe-စသည်မှာ အင်တာနက်သွားသုံးလို့... အကြောင်းတခုကြောင့် အင်တာနက်ကျခဲ့ရင်... မိမိဖွင့်ထားတဲ့ gmail-ဖြစ်စေ/ တခြား sign in-၀င်ထားတဲ့ မိမိဖန်တီးထားတဲ့ ဆိုက်ဖြစ်စေ... Internet Off-line-ကနေ ပိတ်ရတဲ့ နည်းလေးပါ။
ဒီကိစ္စက တခါတရံ အပြင်မှာ အင်တာနက် သွားသုံးရင်, ဥပမာ- ရုတ်တရက် မီးပျက်သွားတဲ့အခါမျိုးမှာ ကိုယ်ဖွင့်ထားတဲ့ ကိုယ်ပိုင်ဆိုက်များ Sign out or Log out-လုပ်ဖို့ မီးပြန်လာသည်အထိ စောင့်ရသည်များ ရှိတတ်ပါတယ်။
တချို့ဆိုက်များကတော့ အင်တာနက်စာမျက်နှာ Cross (x)ကနေ ပိတ်လိုက်ရင် Sign out-ဖြစ်သွားပေမယ့် တချို့ဆိုက်များက အဲဒီလို ပိတ်လိုက်လို့ Sign out-မဖြစ်တဲ့ဆိုက်များလည်း ရှိတတ်ပါတယ်။ အဲဒီတော့ အခု သားသားလေး ပြောပြတဲ့ နည်းကို သုံးလိုက်ပါ၊ သင်- Sign in or log in-၀င်ထားတဲ့ ဆိုက်အားလုံး ပိတ်သွားပါလိမ့်မယ်။

လုပ်နည်းက---
မိမိဖွင့်ထားတဲ့ Mozilla Firefox-မှ
1/ Tools
2/ Clear Recent History (Ctrl+Shift+Delete key)
3/ ပေါ်လာမည့် box-မှ Clear Now-ကို ကလစ်လိုက်ပါ၊ ခဏစောင့်ပါ။
ခဏနေရင် မိမိဝင်ထားတဲ့ ဆိုက်အားလုံးရဲ့ လိပ်စာများ Delete-လုပ်လိုက်ပါလိမ့်မယ်။ ဒါဆို Mozilla Firefox-အသုံးပြုသူများအတွက် Sign out or Log out-လုပ်ခြင်း ကိစ္စပြီးပါပြီ။
မရှင်းရင် ပုံများကို ကြည့်ပါ၊ မြင်ကွင်းမရှင်းက ပုံပေါ်ကို ကလစ်ကြည့်လိုက်နော်....ဗျာ....
















Internet Explore-အသုံးပြုသူများအတွက်.... ဒီလိုသွားလိုက်ပါ...
မိမိဖွင့်ထားတဲ့ Internet Explore-မှ
1/ Tools
2/ Internet Options-ကိုကလစ်ပါ
3/ ကျလာမည့် ဘောက်စ်မှ-General-ကိုရွေးပါ
4/ Delete-ဆိုတဲ့ Icon-လေးကို ကလစ်လိုက်ပါ။
5/ နောက်ထပ် သင်ဖျက်ချင်တာ ဖျက်ဖို့ ဘောက်စ်တခုကျလာမည်။
6/ ပုံပါတိုင်း Delete-ဆက်လုပ်လိုက်ပါ၊ ခဏစောင့်လိုက်ပါ။
Internet Explore-အသုံးပြုသူများအတွက်... မိမိဖွင့်ထားသော မေးလ်များ/ ဆိုက်များ ပိတ်ခြင်း (sign out or Log out)လုပ်ခြင်း ကိစ္စပြီးပါပြီ။

တကယ်ကတော့ ဒီနည်းက မိမိဝင်ပြီးသား ဆိုက်လိပ်စာများကို Delete-လုပ်ပစ်ခြင်းပါ။ 

ဒါပေမယ့် သားသားလေးက ဒီနည်းနဲ့ (Internet Off-line-ဖြစ်နေတဲ့အချိန်မှာ Log out or Sign out)-လုပ်လို့ ရတဲ့အကြောင်း ပြောပြလိုခြင်းပါ။ အင်း....သိပြီးသားလည်း ဖြစ်ချင် ဖြစ်ကြမှာပါ။ 








Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ ?

Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား
ဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။
ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။
(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။
ဟုတ်တယ်မဟုတ်လား..။ )
အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။

ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။
(သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button
ပဲပေါ်နေမှာပါ။)
မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့
ကိုယ့်ကို block လုပ်မထားပါဘူး။
တကယ့်ကို offline ဖြစ်နေတာပါ။
အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊
ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...
စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ...
ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။
သိလာပါလိမ့်မယ်....။


http://answerfriends.multiply.com မှ ကူးယူတင်ပြပါသည် ။

Saturday, 8 October 2011

မိမိ blogspot သို့ website မှာ facebook comment box ထည့်ခြင်း

           ဒီနည်းလေးက လွယ်ကူရိုးရှင်းတဲ့နည်းလေးပါ ( web သမားတွေအတွက် :P ) facebook က အခုဆိုရင် သူ့ရဲ့ Plugin ဖြစ်တဲ့ like box / comment box / like button / poll စတာတွေကို ပေးသုံးနေပါပြီ ..  html code တွေကိုကူးရတာဖြစ်လို့ .. html ပြင်လို့ရတဲ့ နေရာမှန်ရင် ထည့်လို့ရပါတယ် .. ဒါပေမယ့် ခု ဒီ ၀ဘ်ဆိုက်လို ning ထဲမှာတော့ လာထည့်လို့ရ၀ူး .. blogspot / multiply / weebly စတာတွေမှာတော့ ရပါတယ် .. အဲ့ဒီ plugin တွေကို ကျွန်တော်က fan page မှာထည့်ရတယ်ထင်ပြီး နှစ်ညလောက်တောင် အချိန်ကုန်ဖူးပါသေးတယ် .. ကဲ စကားတွေ သိပ်များနေပြီ ... ကျွန်တော်အခု blogspot မှာ နမူနာထည့်ပြမယ်နော် .. အရင်တစ်ခေါက်ကလုပ်ခဲ့တဲ့ www.futureskypeace.blogspot.com မှာ ထည့်ပြပါ့မယ် .. နမူနာသွားကြည့်နိုင်ပါတယ် .. ( click to see sample )

ခင်ဗျားတို့က blogspot မဟုတ်ရင်လည်း ဒီတိုင်းပဲဖတ်သွားပေါ့ လွယ်ပါတယ် ..



အခု http://developers.facebook.com/docs/plugins/ ကို ကလစ်လိုက်ပါ .. ရောက်သွားရင် အဲ့ဒီမှာ Plug in တွေကိုတွေ့ရမှာပါ .. ကျွန်တော်က နမူနာအနေနဲ့ comment box ကို ပဲလုပ်ပြမယ်နော် ..






ဒါဆိုရင် ပြီးပါပြီ .. အဆင်ပြေပါစေခင်ဗျ ..

Photoshop မရှိတဲ့ Internet Cafe မှာ Photoshop သုံးရအောင်လား ?

ဒီကောင်လေးကတော့ အရေးပေါ်လေးအနေနဲ့လည်း အဆင်ပြေတယ်ခင်ဗျာ .. photoshop ဆော့ဝဲလ်ကို ကိုယ်ထိုင်တဲ့ဆိုင်မှာ မတင်ထားဘူး .. ကိုယ့်သူငယ်ချင်းကလည်း photoshop နဲ့ ပတ်သတ်လို့ အကူအညီလိုရင် ဒါလေးက ကူညီပေးနိုင်မှာပါ .. photoshop  မှာပါတဲ့ feature တော်တော်များများပါပြီး .. Photoshop လိုမျိုးပဲ ပုံစံမို့လို့ .. သုံးရတာ အလွန်အဆင်ပြေပါတယ် ..  အောက်မှာ ပြထားတဲ့ website ဖြစ်ပါတယ်ခင်ဗျ .. အသင့်သုံး effect တွေလည်း ထည့်လို့ရပါသေးတယ် ..

http://pixlr.com/editor/       ( photo ကို မိမိစိတ်ကြိုက်ပြင်ရန် )
http://pixlr.com/o-matic/    ( အသင့်သုံး effect ထည့်ရန် )

အခု ဆက်လက်မျှဝေမှာက photoshop portable ဖြစ်ပါတယ် .. သူကတော့ memory stick ထဲ ထည့်ထားပြီး လိုချင်ရင် အချိန်မရွေး double click နှိပ်ပြီးသုံးလို့ရပါတယ် .. portable ဆိုတာက install လုပ်စရာမလိုတဲ့ software ကိုပြောတာပါ .. file size လည်း အနည်းငယ်သေးလို့ ဒေါင်းလို့ အဆင်ပြေမှာပါ .. အောက်မှာပါ ..

Mediafire Links

Friday, 7 October 2011

Fluity Loop Plugin နှင့် မြန်မာ Ebook Download

VST Plug-In ( eg. like sawer / sytrus )

I will give you links only . The below links may be useful for Fruity Loop users .


http://beatproduction.net/vsts/
http://www.computermusictutorials.com/index.php?topic=VSt
http://www.best-free-vst.com/

Sound Kits ( eg. like kick / snare / clap )

These are also very useful for FL users . Because there has only a few audio sample for  kick , snare , clap . So we need more audio sample for creating music.

http://beatproduction.net/category/sound-kits/
http://www.flstudiomusic.com


Tutorials for FL


These are tutorials for Learner . I hope These can strongly support you to become a good creator .

Fruity Loops (FL) မှာ Third Party VSTi/VST တွေ ဘယ်လိုထည့်သုံးမလဲ ( myanmar version )
Fruity Loop တီးနည်း မြန်မာလို ( ဦးဇော်လင်း )
http://warbeats.com/Tutorials/FL-Studio ( FL Best Tutorial Site )


Flash banner header ထည့်ခြင်း

အခု ကျွန်တော်ပြောပြမှာကတော့ flash banner တစ်ခု လုပ်ပြချင်တာပါ .. ဒီ သင်ခန်းစာတင်ဖို့ လေးနာရီလောက်ရူးသွားတယ် .. ဟက်ဟက် ..
ဒီနေရာလေးမှာ လုပ်ပြထားပါတယ် .. သဘောကျရင် စလုပ်ပါမယ်
ကဲ ပထမဆုံးကျွန်တော်တို့ ဘလော့စလုပ်ဖို့ အတွက် ...ဒီနေရာလေးကို သွားပါမယ် ..



အဲ့လိုနဲ့ပဲ blogspot တစ်ခုလုပ်လိုက်ပေါ့နော် .. လုပ်ရတာလွယ်ပါတယ် .. တစ်ကယ်လွယ်ပါတယ် .. ကျွန်တော် ဒီ page လေးမှာစိုးလို့ အကုန်မပြောပြတော့ဘူး .. အခု template လေးတစ်ခုရွေးပြီး စလုပ်ပါပြီ ..  ကျွန်တော်ကတော့ picture window ကိုရွေးခဲ့လိုက်တယ် ..



ပြီးသွားရင် edit HTML ထဲဝင်ပြီး ကျွန်တော်ပြထားတဲ့ စာလေးတွေကို ရှာပါ .. ရှာပြီး ပြထားသလိုပဲ လိုက်ပြင်လိုက်ပါ ...


ဒီစာလေးတွေကို တွေ့အောင်ရှာရမှာပါ .. အနီကွင်းပြထားပါတယ်

အစိမ်းရောင် highlight ပြထားတာတွေကိုဖျက်ပြီး showaddelement ကို yes ပြောင်းလိုက်ပါ ပြီးရင် save




ပြီးသွားရင် design tab ထဲကနေ အောက်ပါအတိုင်းလုပ်မယ် ..


အခု box လေးတစ်ခုကျလာမှာပါ .. အဲ့ဒီ box လေးမှာ ကိုယ် banner title လုပ်မယ့် flash file code ကို ထည့်ရမှာပါ .. အဲ့လိုထည့်ဖို့ အတွက် .. flash banner တစ်ခုလုပ်ထားရမှာပေါ့ .. လုပ်ထားပြီးရင် futuresky မှာပဲ blog တစ်ခုရေးမယ်ဆိုပြီး upload လုပ်လိုက်ပါ ..
ခုလိုမျိုးပေါ့ ..



ပြီးသွားရင် အောက်ပါ code တွေထဲမှာ အစားထိုးလိုက်ပါ ..

<embed src=" အပေါ်မှာ cop link location လုပ်ထားတာကို ဒီနေရာမှာ paste လုပ် " type="application/x-shockwave-flash" height="350" width="1050">

ကျွန်တော့်တင်ထားတဲ့ ဖိုင်နဲ့ပဲလုပ်မယ်ဆိုလည်း အောက်မှာကူးပါ ..

<embed src="http://api.ning.com/files/i5V76X01cbWiURcSOJo2KnSF*Xs7orYtEO3hyw31uxI-ueQgrnczdPugQC-8UgR*LnJ3ajm74d0YE-SBws-J0bEYfF8JeJ6t/futureskybanner.swf" type="application/x-shockwave-flash" height="237" width="712">

ကူးပြီးတော့ ခုနက blog လုပ်နေတဲ့ နေရာက html ထည့်ခိုင်းတဲ့ box လေးထဲထည့်လိုက်ပါ ... ခုလိုလေး ...



ဒါဆိုရင် ခုလိုလေးဖြစ်လာပါပြီ .. ^_^ နေရာက မမှန်သေးပါဘူး .. header ရွေ့နေပါတယ် ..



ဒါကြောင့် template designer ထဲဝင်ပြီး
adjust width ကို အဆင်ပြေအောင်ပြင်လိုက်ပါခင်ဗျာ .. ဒါဆိုရင် ok ပါပြီ
ကျွန်တော်ကတော့ css နားမလည်လို့ template ပြောင်းပြီး adjust width ကို ပြင်လိုက်တယ် ..



ဒါဆိုရင်တော့ ပြီးပါပြီ .. ကဲ .. အားလုံးပဲ အဆင်ပြေကြပါစေ ............

Comment