WARNING !


READ ME FIRST ကို အရင်ဖတ်ပေးကြပါ .. IT Ebook များကို မဒေါင်းနိုင်သူများ Blog အနေနဲ့ ကူးနိုင်အောင် စီစဉ်ပေးမည် ..
Showing posts with label ရယ်စရာ. Show all posts
Showing posts with label ရယ်စရာ. Show all posts

Sunday, 9 October 2011

အရက်သမားများအသက်ရှည်ရခြင်း၏လျှို့ဝှက်ချက်

မန္တလေးသူများ ဘာကြောင့် ကျနော်လို့ပြောဆိုကြတာလဲ?

ရတနာပုံ မန္တလေးနေပြည်တော်ကို တည်ထောင်ခဲ့သော မင်းတုန်းမင်းတရားကြီးသည်
သမိုင်းများမှတ်တမ်းအရ အလွန် ကာမဂုဏ် ခံစားမှုအားကြီးသည်ဟု
လူတိုင်းကြားဖူးကြမည်ထင်သည် ။ 

ထို့ကြောင့် နန်းဆောင် အသီးသီးမှ ကိုယ်လုပ် အသီးသီးတို့သည် မင်းတုန်မင်း စံနေသော နန်းဆောင်ကို ဖြတ်လျောက်ကြသောအခါ မင်းတုန်းမင်က " ဟေ့ ဘယ်သူလဲ " ဟုမေးလေ့ရှိသည်။ ထိုသို့မေးသောအခါ ကိုယ်လုပ် မောင်းမအချို့တို့သည် "ကျွန်မ ပါ" ဟု ပြန်ဖြေကြလေသည်။ ထိုအခါ
မင်းတုန်းမင်းကြီးက "လာခဲ့စမ်းသည်ကို" ဟုခေါ်၍ ဆက်ဆံမှုပြုလေတော့သည်။

ကြာလာသည်နှင့်အမျှ ကိုယ်လုပ်မောင်းမတို့ကလည်း အထာနှပ်လာသဖြင့်
မင်းကြီးအဆောင်ကို ဖြတ်လျောက်မိသောအခါ မင်းတုန်းမေးသောအမေးကို "ကျွန်တော်ပါ"ဟု
သာပြန်ဖြေကြလေတော့သည်။ ၎င်းနန်းတွင်းမှ သည်
မြို့နေပြည်သူများဖြစ်ကြသောအရပ်သူသို့ကူးစက်၍ မန္တလေးမြို့နေသူ
မန်းပျိုဖြူများကလည်း "ကျွန်တော်" ဟုသာ
ပြောဆိုသုံးနှုံးလာကြလေတော့သည်။ ကျွန်တော် ဟု မန်းပျိုဖြူတို့သုံးနှုံ
ပြောဆိုထားခြင်းသည် မင်းတုန်းရန်ကို ကြောက်လန့်ကြ၍ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
အခုခေတ်တွင် မင်းတုန်းမရှိသော်လည်း မန်းပျိုဖြူတို့ ကြောက်စိတ်မပြယ်သေး၍ထင့်
"ကျွန်တော်" ဟူသောအသုံးကို မြိန်မြိန်ဆိုင်ဆိုင် သုံးနှုံးနေကြပါသေးသည်။

THE COLLEGE CYCLE


every new semester: 
 after first week:  
after second week: 
 before midterms: 
 during midterms: 
after midterms: 
 before finals:  
after knowing schedule of final exams:  
7 days before a final exam:  
6 days before a final exam:  
5 days before a final exam:  
4 days before a final exam: 
3 days before a final exam:  
2 days before a final exam: 
 1 day before a final exam: 
night before a final exam: 
1 hour before a final exam:  
during a final exam:  
after walking out of the examination hall: 
 after the final exams, during the holiday:

ရယ်စရာ by ( http://answerfriends.multiply.com )

မှတ်မိပါတယ်

ဒေါသတကြီးနဲ့ အမျိုးသမီးတစ်ယောက်သည် တရားရုံးတော်သို. ရောက်လာပြီး
သူ.ယောက်ျားနှင့် ကွာရှင်းခွင့်တောင်းသည် ။
" ကျမ ယောက်ျားဟာ မြင်းလောင်းတာကလွဲလို. တခြားဘာမှ မလုပ်ဘူး ၊
တစ်ချိန်လုံးလိုလို မြင်းလောင်းဖို.ပဲ စဉ်းစားနေတယ် ။ သူ.ခေါင်းထဲမှာလဲ မြင်းလောင်းဖို.ကလွဲလို.
တခြားဘာမှ မရှိဘူး ၊ ကျမတို. လက်ထက်တဲ့ရက်ကို သူ.ကို မေးကြည့်ပါလား ၊ မှတ်မိလားလို. "

" သူ အလကားလျောက်ပြောနေတာပါ တရားသူကြီးမင်း ခင်ဗျာ ၊ သူ နဲ့ ကျနော်
လက်ထက်တဲ့နေ.ကို ကျနော် မှတ်မိပါတယ် ၊ အဲဒီနေ.က ကင်ဘတ်ကီးမြင်းပွဲ မှာ
တွမ်တီးဂရင်း ဆိုတဲ့ မြင်း နိုင်တဲ့ နေ.ပါ ခင်ဗျာ ။"

********************

မှတ်ဥာဏ်သင်တန်း တက်ထားလို.

သူငယ်ချင်းများ ဖြစ်ကြသော ဇနီးမောင်နှံစုံတွဲ နှစ်တွဲတို.သည်
အားလက်ရက်များတွင် ဖဲကစားလေ့ရှိကြသည် ။ တစ်နေ.တွင် ထိုသို. ဖဲကစားနေရာမှ ခေတ္တခဏ
နားကြသည် ။ ထိုအချိန်တွင် ဇနီးဖြစ်သူတို.က မီးဖိုခန်းထဲသွားကြပြီး စားစရာ သောက်စရာများ
သွားပြီးပြင်ဆင်လုပ်ကိုင်နေကြသည် ။ ထိုအခါ သူငယ်ချင်းဖြစ်သူ ဂျိုး က ဖရန်.ကို မေးသည် ။

" နေစမ်းပါဦး ကွ ၊ ခါတိုင်း ဖဲကစားရင် မင်းက ဘယ်ဖဲတွေ ပစ်ထားတယ်ဆိုတာ
မင်းအမြဲတမ်းမေးနေရတယ်၊ ဒီနေ.တော့ မင်း တစ်ခါမှ မမေးပါလား ၊ ဘယ်လို ဖြစ်တာလဲ ။"

" ငါလား ၊ မှတ်ဥာဏ်သင်တန်း တက်နေတယ်လေကွာ "

" ဟုတ်လား ၊ မင်း သင်တန်းကျောင်းနာမည်က ဘာလဲကွ "

" နေပါဦးကွာ ၊ ဟိုပန်းဟာလေ ၊ ပန်း အနီလေကွာ ၊ ဘာပန်း ခေါ်လဲ ၊ နေစမ်းပါဦး ၊
ဆူးတွေလဲပါတယ်လေ "

" ရို.စ် လား "

" အေး အေး ၊ ဟုတ်တယ် ၊ ရို.စ် ၊ ဟေးးးး ရို.စ် "
မီးဖိုခန်းထဲရှိ ဇနီးကို လှမ်းခေါ်ပြီး မေးလိုက်သည် ။

" ငါတက်နေတဲ့ မှတ်ဥာဏ်သင်တန်းကျောင်း နာမည်က ဘာတဲ့လဲကွ "

**********************

ဘယ်သူ. ဘက်ကလဲ

လူတစ်ယောက်သည် သူဧ။် အမဲလိုက် အတွေ.အကြုံကို ပြန်ပြောပြလျက်ရှိသည် ။

" အဲဒီလိုနဲ့ သေနတ်နဲ့ ပစ်လိုက်တာလွဲသွားရော ၊ ကျားက ငါ့ကို ခုန်အုပ်လိုက်တာပေါ့ ၊
ငါကလဲ ဘယ်ရမလဲ ၊ နီးရာ သစ်ပင်ကြီးတစ်ပငပေါ်ကို ပြေးတက်တာကွ "

" ဒါဆို ကျား ကရော "

" ကျား လဲ သစ်ပင်ပေါ် လိုက်တက်လာတော့ ငါလဲ အပေါ်က သစ်ကိုင်းပေါ် ခိုတက်ရတယ်လေ "

" ဒါနဲ့ ကျား က ဘာဖြစ်သွားလဲ "

" ဒီကောင်က ငါ့နောက်ကို လိုက်တုန်းပဲ ၊ ဒါနဲ့ ဒီကောင် သစ်ပင်ရဲ့ အလယ်လောက်ရောက်ေ၇ာ
ငါလဲ သစ်ပင်ထိပ်ရောက်နေတာပေါ့ ၊"

" ဒီတော့ ကျားက ၊ အဲဒီ ကျား ဘာဖြစ်သွားသေးလဲ "

" ဒီမှာ ဟေ့ရောင် ၊ မင်း က ကျားဘက်ကလား ၊ ငါ့ဘက်ကလားကွ ၊ ဟေ ..."

**********************

မှားတဲ့အခါလည်း ရှိမှာပေါ့

တစ်နေ့၌ အမျိုးသမီးတစ်ဦးသည် ကလေးငယ်တစ်ဦးနှင့် အထူးကုဆရာဝန်ထံသို့လာ၍

အမျိုးသမီး - ဆရာ… ဒီကလေးက တစ်နေ့တခြား ပိုပြီး ပိန်,ပိန်လာလို့ပါဆရာ။
နို့လည်း ကောင်းကောင်းမစို့ဘူး ဖြစ်နေတယ်ဆရာ။

ထိုအခါ ဆရာဝန်က အမျိုးသမီး၏ အင်္ကျီကို ဖယ်၍ အမျိုးသမီး၏ ရင်သားအား ညှစ်ကြည့်ပြီး

ဆရာဝန် - ခင်ဗျားရဲ့ နို့ကမှ မထွက်တာ၊ ကလေး ဘယ်လိုလုပ်ပြီး
နို့ကောင်းကောင်းစို့မှာလဲ။ ဒီတော့ ခင်ဗျားကလေး ပိန်,ပိန်လာမှာပေါ့။

အမျိုးသမီး - အဲဒီကလေးက ကျွန်မရဲ့ တူလေးပါဆရာ။


**********************

အရက်နဲ့ပတ်သတ်လို့ ဟာသများ

မမူးဘူးဆို

အလုပ်ရှင်။ ။ မင်းဘာလို့ မနက်အစောကြီးအရက်သောက်လာရတာလဲ

ဝန်ထမ်း။ ။ မနေ့ ညကသောက်တာပါဆရာ။ ကျွန်တော်အလုပ်လာခါနီးသောက်လာတာမဟုတ်ပါဘူး

အလုပ်ရှင်။ ။
ဘာပဲပြောပြော ခုကို မူးနေတာမဟုတ်လား

ဝန်ထမ်း။ ။ မူးပေမယ့်သတိရှိပါတယ်ဆရာ

အလုပ်ရှင်။ ။ သတိရှိတယ်ဆိုရင် ဘာလို့ လာရတာလဲကွ။ ဒီနေ့ အလုပ်ပိတ်ရက်ဆိုတာသိရမှာ



မကောင်းတာက


အရက်စွဲစွဲ မြဲမြဲသောက်နေတဲ့ လူနာကို ဆရာဝန်က.....

"ခင်ဗျား အရက်သောက်လာတာ ဘယ်လောက်ကြာပြီလဲ"

"နှစ်သုံးဆယ်"

"နှစ်သုံးဆယ်အတွေ့ အကြုံထဲကနေ
အရက်ရဲ့ မကောင်းပုံလေး တစ်ခု လောက်

ပြောပြပါလား။စွဲစွဲမြဲမြဲ သောက်နေတဲ့ လူတစ်ယောက်ပြောပြတဲ့ အရက်ရဲ
့မကောင်းတဲ့ အကြောင်း

ကိုသိချင်လို့ "

အရက်သမားက တော်တော်ကြာကြာစဉ်းစားလိုက်ပြီး

"၀ယ်သောက်ရတာ"



ကိုယ်တွေ့ ကြုံမှ


အရက်ကြောင့်မကြာခဏ ထိပ်ပေါက်ခေါင်းကွဲ
ဖြစ် ရောဂါပေါင်းစုံရ

ဆရာဝန်ကဖြတ်ခိုင်းတာကိုပဲရောဂါဖြစ်နေတုန်းခဏနားပြီး ပြန်ပြန်

သောက်နေတဲ့  ကိုပေတလူဟာ တကယ်အရက်ပြတ်သွားတယ်။

ဒီတော့ဆရာဝန်က......

ကိုပေတလူ ခင်ဗျား
ကျုပ်ဖြတ်ဖို့ ပြောတုန်းကတော့ အရက်မဖြတ်ပဲနဲ့ 

ခုဘယ်လိုလုပ်အရက်ပြတ်သွားတာလဲ

ကျွန်တော် မူးပြီး
ယောက္ခမကြီးကို လေသေနတ်နဲ့ ပစ်မိလို့ ဆရာ

ယောက္ခမကြီးဘာဖြစ်သွားသေးလဲ

ကျွန်တော့ကမူးနေတော့ဘယ်မှန်မလဲဆရာ။ အဲဒါနဲ့ ဖြတ်လိုက်တာပါ။




နှစ်ကြိမ်တည်းပါ


ဆရာဝန်။ ။ခင်ဗျားအရက်သောက်တာ များတယ်ထင်တယ်ဗျ

လူနာ ။ ။ မများပါဘူးဆရာနှစ်ကြိမ်တည်းပါ။ နေထွက်က နေ၀င်တစ်ကြိမ်၊

နေ၀င်ကနေထွက်တစ်ကြိမ်၊ ပါဆရာ

များများသောက်နိုင်ကြပါစေဗျာ...... :) :P :S

မိန်းကလေးတွေရှောင်ကြတဲ့ စကားလေးများ ...

Boy: ဒီတစ်သက် တို့ကိုပဲချစ်မှာလား။
Girl : အင်း (ပျင်းစရာကြီး)

Boy :တို့မရှိရင် ချစ်ဘယ်လိုလုပ်မလဲ။
Girl : ရူးသွားမှာပေါ့ ။ (ပျော်လွန်းလို့)

Boy : တို့က ချစ်ရဲ့ ရည်းစားဦးလား။
Girl : ဟုတ်။ (အရင်တစ်ယောက်ပြီးရင်)

Boy : ချစ်ကိုယ့်ကို မလိမ်ပါဘူးနော်။
Girl : ဘုရားစူး မိုးကြိုးပစ်။ (ရှင့်ကို)

Boy :အိုသွားရင်ကောချစ်မှာလား။
Girl : မမုန်းပါဘူး။ (ချစ်လည်းမချစ်ဘူး)

Boy : ဘရက်ပစ်လို ချောတယ်မို့လား။
Girl : သူ့ထက်တောင်ပိုသေး။ (ရုပ်ဆိုးချက်က)

Boy : ချောလာလား။
Girl : အင်း။ (စိတ်မပါစွာနှင့်)

Boy :အခု တခြားကောင်မလေးက တို့ကို အရူးအမူးလိုက်နေတာ။
Girl :ဟင် ဟုတ်လား။ (၀မ်းသာလိုက်တာ ကန်တော့ပွဲနဲ့ကို လိုက်ပို့ဦးမှာ)

Boy :နောက်တာပါ။ အဲလောက်လည်းသ၀န်မတိုပါနဲ့။
Girl : ...........

Boy : ဘာလဲ စိတ်ကောက်သွားတာလား။
Girl : ကောက်တာပေါ့။ (တကယ်ဘာလို့မဟုတ်ရတာလဲ)
 
( အပျော်အနေနဲ့ဖြစ်ပါသည် ။ တမင် ရည်ရွယ်မှုမရှိပါ .. http://answerfriends.multiply.com မှ ကူးယူတင်ပြအပ်ပါသည် ) 

ရယ်စရာလေးတွေပါ ( gmail ကရတာလေ :P )

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက်
မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ
အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာ
နာမည်ကြီးပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ
ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ရဲ့ လျှို့ဝှက်ချက်ကို
မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ~ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့
ကောင်းလွန်းပါတယ်။ဒီလိုအိမ်ထော
င်ရေးမျိုးကို  ဘယ်လိုများ တည်ဆောက်ခဲ့
ကြပါသလဲ ခင်ဗျာ?

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon(ဟန်းနီးမွန်း) နေ့ရက်တွေကို
ပြန်တွေးရင်းပြောပါတယ်...

"ကျွန်တော်တို့တွေ Honeymoon (ဟန်းနီးမွန်း) အတွက် ရှီမလာ (Shimla)
ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ
မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။
အဲဒီမှာကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေ မယ့် ကျွန်တော့်မိန်းမစီးတဲ့
မြင်းကတော့နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း
ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး
ပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး
မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့
ပထမဆုံးအကြိမ်နော်..." လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း
မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။

ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက
တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး
ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက
ခါချတဲ့အခါမှာတော့ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို
ပိုက်ဆံအိတ်ထဲက ထုတ်ပြီးမြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့
"မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို
မင်းသတ်ပစ်လိုက်ပြီ။
မင်းရူးနေလား!!!"လိုအော်လိုက်မိတယ်။အဲဒီအခါကျွန်တော့်မိန်းမကကျွန်တော့်ကိုအေးစက်စက်
ပြန်ကြည့်ပြီး
 နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါရှင့်ရဲ့ပထမဆုံးအကြိမ်နော်..."
တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ
ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."


မပျံနိုင်ရင် complain မတက်ပါနဲ့ ကိုယ့်လူတို့*



သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့ ကိုထုံတယောက်တော်တော်အံ့သြသွား
တယ်။

သူ့ဘေးကပ်လျက်ခုံမှာ ကြက်တူရွေးတကောင် ထိုင်နေတာကိုး...

ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ စတင်ကျွေးမွေးတော့

လေယာဉ်မယ်လေးက မေးလာတယ်...

"အစာမစားမီ ဘာများ သောက်ချင်ပါသလဲ ရှင်"

ကိုထုံက... "ကော်ဖီတစ်ခွက် ပေးပါ" လို့ မှာတယ်။

ကြက်တူရွေးက..."ငါ့ အတွက် ဝီစကီတစ်ခွက်ပေးစမ်း ကောင်မ...ကြားလား"...တဲ့။

လေယာဉ်မယ်လည်း အံ့သြသွားပေမယ့် ဘာမှ မပြောဘဲ ဝီစကီတစ်ခွက်ယူလာပေးတယ်၊

ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။

ခဏနေတော့ ကြက်တူရွေးက ထပ်မှာပြန်တယ်...

"ဝီစကီတခွက်ထပ်ယူပေးစမ်း...သောက်ရူးမလေး"...........

လေယာဉ်မယ် ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ် လို့

ဝီစကီတစ်ခွက်ထပ်ယူလာပေးပြန်တယ်။ ဒီတခါလည်း ကော်ဖီက ပါမလာပြန်ဘူး.......

ကိုထုံလည်း ကြက်တူရွေးလမ်းစဉ်လိုက်ပြီး မှာမှရမယ်လို့ တွေးပြီး......

"ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊ မဟုတ်ရင် နင့်ကို ကန်မိတော့မယ်"

ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား ၂ယောက် ရောက်လာတယ်။

ကိုထုံ နဲ့ ကြက်တူရွေးကို ဖမ်းချုပ်ခေါ်လာပြီး

အရေးပေါ်အပေါက်ကနေ လေယာဉ်အပြင်ကိုပစ်ချလိုက်ပါတော့တယ်....

ဒီမှာတင် ကြက်တူရွေးက ကိုထုံ့ ကို လှမ်းပြောတယ်... .... ...

"မင်းက ပျံလည်းမပျံနိုင်ဘဲနဲ့ Complain တယ်များကိုးကွ"....တဲ့။


“ဟက်ပီးဘတ်သ်ဒေး”
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။ >
ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ
> စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်
းလောက်အောင် တားမနိုင်ဆီးမရ
> ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။
>
> တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး
> လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန်
> ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့
> အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”
> လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။
>
> ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ
> သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့
> နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက်
> အကြောင်းကြားထားလိုက်တယ်။
>
> အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာလမ်
းမှာ ပဲကြီးလှော်သည်နဲ့
> ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး
> ထကြွသောင်းကျန်းလာပြန်တော့တာပေါ
့။
>
> အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင်
> အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း
> ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ
> ဝယ်စားမိရောတဲ့။
>
> ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။
> အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး
> သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။
>
> အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန်
> စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။
>
> “အချစ်ရေ…. ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”
>
> အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့
> ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ
> ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို
> ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က
> မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ
> တယ်လီဖုန်းကို သွားကိုင်တယ်။
>
> တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။
> ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင်
> ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို
> အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက်
> အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ
> အသံကျယ်ရုံတင်မကဘူး၊အနံ့ကလည်း မြေဆွေးကားကြီးတစီး
> ဖြတ်မောင်းသွားသလိုပဲတဲ့။
>
> ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို
> လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင်
> လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့
> နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက်
> ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး
> ဖြတ်မောင်းသွားသလိုပါပဲတဲ့။
>
> ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း
> နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို
> တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည်
> တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ
> ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ
> ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊
> လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့
> ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။
>
> ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့
> ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ
> အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင်
> အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း
> ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။
>
> အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ
> ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။
>
> ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို
> “ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။
 
 

Saturday, 8 October 2011

ဥာဏ်စမ်းလေးတွေပါ .. ဖြေနိုင်ပါ့မလားတော့မသိဘူး ? ကျွန်တော်အကုန်ဖြေနိုင်တယ် :P

ပုံဖိုင်တွေမို့ .. ပုံပေါ်တဲ့ထိတော့ နည်းနည်းစောင့်ပေးဗျာ ..


ကျွန်တော်လမ်းပျောက်နေလို့ လမ်းဆုံးတဲ့ အမှတ်ကို ၀င်္ကံပါထဲက နေကျော်အောင် ကူညီပေးကြပါ ... :P





ပန်းချီဆရာက ပုံတစ်ပုံဆွဲခဲ့တယ်တဲ့ .. ဒါပေမယ့် အကုန်ပြီးအောင်မဆွဲခဲ့ပဲ တစ်ဝက်တစ်ပျက်ထားခဲ့တယ် .. ဘာပုံလေးလဲဆိုတာ ဖြေပေးပါဦး ..



...........








...........











...........











...........

















တောအုပ်ထဲမှာ ဆင်ကို ရှာပါ .. ? သေချာကြည့်နော် ..  သူက မျက်လုံးလျှင်မှ မြင်ရတာ .. ဟဲဟဲ























နောက်ဆုံးပုံလေးကတော့ အဖွဲ့တစ်ခုမှာ တူညီတဲ့ ပုံတွေထဲက မတူတာကို ရွေးပေးရမှာဖြစ်ပါတယ် ..........



























ရယ်ရရင် ကောမန့်လေးပေးသွားပါဦး ... ခင်မင်လျှက်     / snake

Boy & Girl Theory

ယောကျာင်္လေးသီအိုရီ

လွမ်းတယ် ( အနေဝေးရင် )
ပိုင်ဆိုင်ချင်တယ် ( တစ်ဘ၀စာ )
အရမ်းချစ်တယ် ( တစ်သက်လုံး )
သတိရတယ် ( မတွေ.ရတဲ့အခါ )
အတူနေချင်တယ် ( လိုက်လျောရင် )
နမ်းချင်တယ် ( ဖြူစင်စွာ )
ထိုင်ကြည်.ချင်တယ် ( ၂၄ နာရီ )
ချော့သိပ်ချင်တယ် ( ညတိုင်း )
သီချင်းဆိုပြချင်တယ် ( အိပ်ခါနီး )
မျှော်လင့်ချင်တယ် ( ရင်ခုန်စွာ )
အရမ်းပြန်ချစ်ပါ ( အလိုလားဆုံး )
အရမ်းဂရုစိုက်ပါ ( အမြဲ )
မမုန်းဘူး ( ဘယ်တော့မှ )
လက်ကလေးကိုင်ချင်တယ် ( ခွင့်ပြုရင် )
အဆင်မပြေဘူး ( မင်းမရှိတဲ့အချိန် )
မခွဲနိုင်ဘူး ( ယုံ )
ထပ်ကာထပ်ကာပြောချင်တယ် ( I LOVE YOU )

မိန်းကလေးသီအိုရီ

လွမ်းတယ် ( ပိုက်ဆံပြတ်ရင် )
ပိုင်ဆိုင်ချင်တယ် ( မင်းရဲ.ဘဏ်စာအုပ်ကို )
အရမ်းချစ်တယ် ( မင်းရဲ.ပစ္စည်းဥစ္စာ )
သတိရတယ် ( ၀ယ်စရာတွေ.ရင် )
အတူနေချင်တယ် ( အမြဲပျော်အောင်ထားမယ်နိုင်ရင် )
နမ်းချင်တယ် ( စိန်လက်စွပ်ဝယ်ပေးရင် )
ထိုင်ကြည်.ချင်တယ် ( တခြားကောင်လေးကို )
ချော့သိပ်ချင်တယ် ( မင်းအိတ်ထဲကပိုက်ဆံခိုးဖို. )
သီချင်းဆိုပြချင်တယ် ( ပါးစပ်အားရင် )
မျှော်လင့်ချင်တယ် ( မာစီဒီး )
အရမ်းပြန်ချစ်ပါ ( ငါဘယ်သူနဲ.တွဲတွဲ )
အရမ်းဂရုစိုက်ပါ ( သေခါနီး )
မမုန်းဘူး ( ပိုက်ဆံရှိနေသရွေ. )
လက်ကလေးကိုင်ချင်တယ် ( အိပ်သာထဲကထွက်လာရင် )
အဆင်မပြေဘူး ( မင်းငွေမရှိတဲ့အချိန် )
မခွဲနိုင်ဘူး ( အလကားပြောတာ )
ထပ်ကာထပ်ကာပြောချင်တယ် ( သေနာကြီး ) ........ :p

( facebook မှ ကူးယူတင်ပြပါသည် )

Comment