WARNING !


READ ME FIRST ကို အရင်ဖတ်ပေးကြပါ .. IT Ebook များကို မဒေါင်းနိုင်သူများ Blog အနေနဲ့ ကူးနိုင်အောင် စီစဉ်ပေးမည် ..
Showing posts with label စိတ်ဝင်စားစရာ. Show all posts
Showing posts with label စိတ်ဝင်စားစရာ. Show all posts

Sunday, 9 October 2011

ကိုယ်နဲ ကိုယ်ချစ်သူတိုမွေးလာမဲ့ ကလေးရဲ ပုံစံလေးကို တွေချင်ပါသလား?

ကိုယ်နဲ့ကိုယ့်ချစ်သူတို့လက်ထပ်ပြီးတဲ့အခါ
မွေးလာမယ့်မိမိတို့ကလေးရဲ့ပုံကိုကြည့်ချင်ပါသလား
ဒီကို သွားလိုက်ပါ....http://www.makemebabies.com/

အရင်ဆုံး Browse ကနေမိမိပုံကိုတင်လိုက်ပါ
ပြီးရင် go ကိုနှိပ်လိုက်ပါ
ပြီးရင်မိမိပုံကို edit လုပ်ပြီး next ကိုပေးလိုက်ပါ

upload Partner's Photo ဆိုတာကိုကလစ်ပေးလိုက်ပါ
Browse ကနေမိမိ ချစ်သူပုံကိုထည့်လိုက်ပါ
next ပေးပါ
ြ့ပီးရင် ကောင်လေးပုံပေါ်စေချင်တာလား
ကောင်မလေးပုံပေါ်စေချင်တာလား ဆိုတာရွေးပါ
Baby name မှာနာမည်ထည့်ပါ
proceed ကိုပေးလိုက်ပါ


အဲဒါဆိုရင်တော့ မိမိတို့ရဲ့ baby ပုံလေးကိုတွေ့ရမှာဖြစ်ပါတယ်

အခုတလော europe မှာရေပန်းစားနေတဲ့ site လေးပါ
အနီးစပ်ဆုံးတူတယ်လို့တော့ညွန်းကျတာပဲ....
စမ်းကြည့်ကြပေါ့......Register လုပ်ဖို.တော့လိုပါတယ်....

ကျွန်တော်ကတော့ စော်မချိလို့ .. X-men ကားထဲက မင်းသမီး ( jennifer lawrence ) နဲ့ ပွားလိုက်တယ် .. ကလေးက ရုပ်တောင်ပိုဆိုးသွားသလိုပဲ .. ဟီးဟီး .. ဒါပေမယ့် ကိုယ့်သမီးလေးဖြစ်ပြီဆိုတော့ ချစ်ရတော့မှာပေါ့နော့  .. ကလေးလေးနာမည်က မှတ်ထားဦးနော် .. jennifer kyaw တဲ့ .. :P





အဆင်ပြေလားမသိဘူး ? အဆင်ပြေရင် ကောမန့်လေးတွေ မြင်ချင်တယ်ခင်ဗျာ ... ခင်မင်လျှက် .. snake

http://answerfriends.multiply.com က မှီငြိမ်းထားတာပါခင်ဗျ

မန္တလေးသူများ ဘာကြောင့် ကျနော်လို့ပြောဆိုကြတာလဲ?

ရတနာပုံ မန္တလေးနေပြည်တော်ကို တည်ထောင်ခဲ့သော မင်းတုန်းမင်းတရားကြီးသည်
သမိုင်းများမှတ်တမ်းအရ အလွန် ကာမဂုဏ် ခံစားမှုအားကြီးသည်ဟု
လူတိုင်းကြားဖူးကြမည်ထင်သည် ။ 

ထို့ကြောင့် နန်းဆောင် အသီးသီးမှ ကိုယ်လုပ် အသီးသီးတို့သည် မင်းတုန်မင်း စံနေသော နန်းဆောင်ကို ဖြတ်လျောက်ကြသောအခါ မင်းတုန်းမင်က " ဟေ့ ဘယ်သူလဲ " ဟုမေးလေ့ရှိသည်။ ထိုသို့မေးသောအခါ ကိုယ်လုပ် မောင်းမအချို့တို့သည် "ကျွန်မ ပါ" ဟု ပြန်ဖြေကြလေသည်။ ထိုအခါ
မင်းတုန်းမင်းကြီးက "လာခဲ့စမ်းသည်ကို" ဟုခေါ်၍ ဆက်ဆံမှုပြုလေတော့သည်။

ကြာလာသည်နှင့်အမျှ ကိုယ်လုပ်မောင်းမတို့ကလည်း အထာနှပ်လာသဖြင့်
မင်းကြီးအဆောင်ကို ဖြတ်လျောက်မိသောအခါ မင်းတုန်းမေးသောအမေးကို "ကျွန်တော်ပါ"ဟု
သာပြန်ဖြေကြလေတော့သည်။ ၎င်းနန်းတွင်းမှ သည်
မြို့နေပြည်သူများဖြစ်ကြသောအရပ်သူသို့ကူးစက်၍ မန္တလေးမြို့နေသူ
မန်းပျိုဖြူများကလည်း "ကျွန်တော်" ဟုသာ
ပြောဆိုသုံးနှုံးလာကြလေတော့သည်။ ကျွန်တော် ဟု မန်းပျိုဖြူတို့သုံးနှုံ
ပြောဆိုထားခြင်းသည် မင်းတုန်းရန်ကို ကြောက်လန့်ကြ၍ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
အခုခေတ်တွင် မင်းတုန်းမရှိသော်လည်း မန်းပျိုဖြူတို့ ကြောက်စိတ်မပြယ်သေး၍ထင့်
"ကျွန်တော်" ဟူသောအသုံးကို မြိန်မြိန်ဆိုင်ဆိုင် သုံးနှုံးနေကြပါသေးသည်။

ဖြစ်နိုင်? မဖြစ်နိုင်?


ဆင်ဆိုတဲ့ သတ္တဝါက တစ်တန်လေးတဲ့ပစ္စည်းကို နှာမောင်းနဲ့ အသာလေး မချီနိုင်တယ်။ ဒါပေမယ့် ဆပ်ကပ်မှာ ကျွန်တော်တို့တွေ့မြင်တဲ့ဆင်က တိုင်တစ်တိုင်အောက်မှာ ငြိမ်ငြိမ်သက်သက် ချည်နှောင်ခံခဲ့ရတယ်။ အကြောင်းက ဆင်တွေဟာ ငယ်စဉ်ခွန်အား မရှိခင်ကတည်းက ကြီးလေးတဲ့သံကြိုးတွေနဲ့ ချည်နှောင်ခံခဲ့ရတယ်။ စစချင်းမှာ ဆင်ငယ်က ရှိသမျှခွန်အားနဲ့ ရုန်းခဲ့ပေမယ့် သံကြိုးမပြတ်ခဲ့ဘူး။


ဒီလိုနဲ့ ဆင်ငယ်ကနေ ဆင်ကြီးဖြစ်လာပြီး ခွန်အားတွေတိုးခဲ့လည်း တိုင်မှာ မလှုပ်မယှက် ချည်နှောင်ခံထားရဆဲဖြစ်တယ်။ တကယ်တော့ ကြီးပြင်းလာတဲ့ဆင်တွေမှာ အသာလေးရုန်းရုံနဲ့ သံကြိုးပြတ်နိုင်တဲ့ ခွန်အားတွေရှိခဲ့ပေမယ့် ငယ်စဉ်တည်းက “သံကြိုး လုံးဝမပြတ်နိုင်ဘူး” ဆိုတဲ့ အချည်နှောင်ခံရတဲ့ အကျင့်ဆိုးက ဦးနှောက်ထဲ သံမှိုစွဲနေခဲ့လို့ဖြစ်တယ်။ ဒါကြောင့် အင်အားရှိခဲ့သည့်တိုင် ကြိုးကလွတ်ရုန်းဖို့ မကြိုးစားခဲ့ကြတော့ဘူး။


သတ္တဝါတွေမှ မဟုတ်ပါဘူး။ အသိပညာရှိတဲ့ လူတွေမှာလည်း “တစ်သတ်မှတ် အတွေး၊ အမြင်” တွေ့ကြောင့် “ငါ့မှာ စွမ်းရည်မရှိဘူး၊ မလုပ်နိုင်ဘူး” ဆိုတာနဲ့ အချိန်တွေ၊ အခွင့်အရေးတွေ အများကြီး လက်လွတ်ဆုံးရှုံးစေခဲ့တယ်။


ပဒူကောင် (Hornet)တွေဟာ မပျံသန်းနိုင်ဘူးလို့ သိပံ္ပပညာရှင်တွေက လေ့လာဆန်းစစ် အဖြေထုတ်ခဲ့ကြတယ်။ ပဒူတွေရဲ့ကိုယ်ထည်ဟာ ကြီးမားပြီး အတောင်ပံက ပါးလွှာသေးငယ်လို့ဖြစ်တယ်။ စွမ်းအားနဲ့ပတ်သက်တဲ့ ပညာအရ (dynamics) ပဒူတွေဟာပျံသန်းဖို့ လုံးဝ မဖြစ်နိုင်ခဲ့ဘူး။ ဒီလိုလေ့လာဆန်းစစ်ချက်ကို ပဒူတွေက မသိခဲ့ဘူး။ ဒါကြောင့် သူတို့ပျံသန်းနိုင်ခဲ့ကြတယ်။


Ford ကားကုမ္ပဏီပိုင်ရှင် Ford ဟာ အသက်(၄ဝ)ရောက်မှ အောင်မြင်မှုရခဲ့သူဖြစ်တယ်။ သူဟာ အတန်းပညာကို ဟုတ်တိပတ်တိ သင်ခဲ့ဖူးသူမဟုတ်ဘူး။ စီးပွါးရေးအောင်မြင်ပြီးနောက် Ford ဟာ 8-cylinder engine ကိုလုပ်ဖို့ ကြိုးစားခဲ့တယ်။ ပညာရှင် အင်ဂျင်နီယာတွေကို ခေါ်ယူပြီး 8-cylinder အင်ဂျင်တစ်ခုလုပ်မယ့်အကြောင်း ပြောခဲ့တယ်။ ထက်မြက်ပြီး၊ အဆင့်မြင့်ပညာတွေ၊ ကိန်းဂဏန်း သင်္ချာ၊ ရှုပဗေဒ၊ သီအိုရီ စတာတွေ သင်ယူခဲ့ဖူးတဲ့ အင်ဂျင်နီယာတွေက ဘယ်အရာကိုဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ်။ သူတို့ဟာ Ford ကို ခွင့်လွတ်နားလည်ဟန်နဲ့ “သနားစရာ ဒီအဘိုးကြီးကို ရှင်းပြရတော့မယ်။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့ သူဌေးပဲ” ဆိုပြီး အင်ဂျင်နီယာ ပညာရှင်တွေက Ford ကို စိတ်ရှည်သည်းခံစွာနဲ့ 8-cylinder အင်ဂျင်ဟာ စီးပွါးရေးအရ ဘယ်လိုမှ အဆင်မပြေတဲ့အကြောင်း ရှင်းပြခဲ့လည်း Fordက လက်မခံခဲ့ဘူး။ သူသိတာက 8-cylinder အင်ဂျင်ရဖို့ဆိုတာပဲဖြစ်တယ်။


အင်ဂျင်နီယာတွေက စိတ်မပါတပါနဲ့ လုပ်ငန်းစကြပြီး ရက်အတော်အသင့်မှာ Ford ကို မဖြစ်နိုင်တဲ့အကြောင်း တင်ပြပြန်တယ်။


“လုပ်လေလေ ဒီ 8-cylinder အင်ဂျင်က မဖြစ်နိုင်လေလေဆိုတာကို ကျွန်တော်တို့သိလိုက်ရတယ်”


Ford က ဒီလိုတော်ရုံအပြောနဲ့ လက်လျော့တတ်သူ မဟုတ်ခဲ့ဘူး။


“အင်ဂျင်နီယာများခင်ဗျား .. ဒီ 8-cylinder အင်ဂျင်ကို မဖြစ်မနေ အမြန်ဆုံးပြုလုပ်ပေးပါ”


အင်ဂျင်နီယာတွေ လုပ်ငန်းစကြပြန်တယ်။ ပထမတစ်ခေါက်ထက် သူတို့ပိုကြိုးစားလာကြတယ်။ အချိန်တွေကုန်ခဲ့သလို ရင်းနှီးမှုတွေလည်းများလာခဲ့တယ်။ ဒါပေမယ့် Ford ကို အရင်တစ်ခေါက်လိုပဲ မဖြစ်နိုင်ဘူးလို့ သူတို့တင်ပြပြန်တယ်။ ဒါပေမယ့် အောက်ခြေသိမ်းအလုပ်က စခဲ့ပြီး၊ အဆင့်မြင့် အတန်းပညာတွေ မသင်ခဲ့ဖူးတဲ့ Fordရဲ့ ဦးနှောက်ထဲမှာ မဖြစ်နိုင်ဆိုတဲ့စကားက ရှိမနေခဲ့ဘူး။ အင်ဂျင်နီယာတွေကို သူခိုင်းစေခဲ့ပြန်တယ်။


“အင်ဂျင်နီယာများခင်ဗျား...ဒီ 8-cylinder အင်ဂျင်က ကျွန်တော့်ဆီမှာ ရှိကိုရှိမှဖြစ်မယ်။ ဒါကြောင့် ကျွန်တော့်အတွက် လုပ်ပေးကြပါ”


ဒီလိုနဲ့နောက်ဆုံးမှာ 8-cylinder အင်ဂျင်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဘယ်လိုအရာမျိုးက မဖြစ်နိုင်ဘူးဆိုတာကို မသိတဲ့လူတစ်ယောက်ကြောင့် လုပ်နိုင်ခဲ့တာဖြစ်တယ်။ ဒီလိုအဖြစ်မျိုးကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့နိုင်တယ်။ မဖြစ်နိုင်ဘူးလို့ ထင်တဲ့လူတစ်ယောက်က အောင်မြင်အောင် မလုပ်နိုင်ခဲ့သလို ဖြစ်နိုင်တယ်လို့ ထင်တဲ့လူတစ်ယောက်က အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။

Wright ညီအစ်ကိုနှစ်ဦး စက်ဘီးအရောင်းအဝယ် ပြုလုပ်ရင်း မိုးပေါ်မှာပျံသန်းနိုင်မယ့် လေယာဉ်ပျံကို ထီထွင်ခဲ့တုန်းက “မဖြစ်နိုင်ဘူး” လို့ လူတွေဆိုခဲ့ကြပေမယ့် နောက်ဆုံးမှာ သူတို့ရဲ့ကြိုးစားမှုကြောင့် အမြင့်မှာပျံသန်းနိုင်ပြီး ပို့ဆောင်သယ်ယူရမှာ အမြန်ဆုံးဖြစ်တဲ့ လေယာဉ်ပျံကို အောင်မြင်စွာထီထွင်နိုင်ခဲ့တယ်။ “မဖြစ်နိုင်” ဆိုတာကို Wrightတို့ ညီအစ်ကိုနှစ်ဦးက “ဖြစ်အောင်” လုပ်နိုင်ခဲ့တယ်။


တကယ်တော့ တစ်ချို့ကိစ္စတွေဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကိုယ့်ရဲ့ပုံသေအတွေး၊ တစ်သတ်မှတ်အမြင်တွေကို ဖယ်ရှားပြီး ကြိုးစားအားထုတ်လုပ်ဆောင်ခဲ့ရင် “မဖြစ်နိုင်” က “ဖြစ်နိုင်” သွားပါတယ်။



ပုံသေအတွေး၊ တစ်သတ်မှတ်တည်းသော အမြင်ကိုပြောင်းလဲပြီး ချုံ့ချဲ့ကွေးဆန့်လို့ရတဲ့အတွေးနဲ့ တွေးတောမယ်၊ ဇွဲလုံလမလျှော့ ကြိုးစားမယ်၊ စူးစမ်းမယ်ဆိုရင် “မဖြစ်နိုင်” တဲ့ကိစ္စက နောက်ဆုံးမှာ “ဖြစ်နိုင်”ခဲ့ပါတယ်။

မူရင်း... 丁滿(
D Man) ပြုစုတဲ့ The Secret of Success Inspiring ဆိုတဲ့ စာအုပ်ထဲကဖြစ်ပါတယ်။ ရွှေလီရောက်တုန်း ဝယ်ယူခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကောင်မလေး တွေသဘောကျမယ့် talky (၁၀) ခွန်း

ဆွဲဆောင်မှုရှိပြီး ချောမောလှပသော မိန်းကလေးတစ်ဦးနှင့် စတင်တွေ.ဆုံ စကားဖောင်ဖွဲ.ပါက မနောခွေ.သွားစေမည့်
အကောင်းဆုံး စကားကြီး (၁၀)ခွန်းကို ကမ္ဘာတစ်ဝန်းရှိ လူပေါင်း (၄၀၀) ကျော်အား မေးမြန်းထားပြီး ဗြိတိန်နိုင်ငံက စစ်တမ်းတစ်ခုကို
ထုတ်ပြန်ခဲ့သည် ။
တစ်စုံတစ်ယောက်နှင့် အထူးသဖြင့် မိန်းကလေးတစ်ယောက်နှင့် စကားပြောဆိုပါက ဟာသဥာဏ်ရှိခြင်းသည်သာ
အကောင်းဆုံး စွဲဆောင်နိုင်သော နည်းလမ်းဖြစ်ကြောင်း စစ်တမ်းတွင် ဖြေဆိုသူ ၅၀% ကျော်က ဖြေဆိုကြသည် ။



(၁) မင်းအဖေက စောရတစ်ယောက်ဖြစ်နိုင်တယ် ။
ဘာလို.လဲဆိုတော့ သူက ကြယ်တွေကို ခိုးပြီး မင်းမျက်ဝန်းတွေထဲ ထည့်ထားလို.လေ ။
ကာလမ်ဘတ်စ် ( ဗြိတိန် နှင့် အမေရိကန် မော်ဒယ်လ်ဟောင်း )


(၂) တကယ်လို.သာ အက္ခရာတွေကို ပြန်စီလို.ရမယ်ဆိုရင် U နဲ. I ( မင်းနဲ့ ငါ ) အတူကပ်ပြီး ထားလိုက်ချင်တယ် ။
ကာရိုး ဗွန်ဒါမန် ( ကစားပွဲ အစီအစဉ် Countdown ကိုတင်ဆက်သူ)


(၃) ကိုယ် နတ်ပြည်ရောက်နေတာဖြစ်ရမယ် ။
နတ်သမီးလေးတစ်ပါးကို တွေ.နေရလို.လေ...။

မာရီယို မာကိုနီ (ဗြိတိန် နာမည်ကြီး ရုပ်သံ ဇါတ်လမ်းတွဲများတွင် ပါဝင်ခဲ့သူ )

(၄) မင်း မိုးပေါ်ကကျလာတုန်း ခိုက်မိသွားသေးလား ။
ခရစ်တီယာနို ရော်နယ်လ်ဒို ( မန်ယူ နှင့် ရီယဲလ် ကစားသမားဟောင်း )

(၅) ရော့ ..ဒီမှာ ဆယ်ပြား..။ မင်းအမေကို ဖုန်းဆက်လိုက် ။ ဒီည ပြန်မလာတော့ဘူးလို. ..။

ဂျိုဒီးမားရှ် ( ဗြိတိန် မော်ဒယ်လ်နဲ. သရုပ်ဆောင် )(၆) မင်းကို ဖမ်းလိုက်ပြီ..။ ငါ့ အိပ်မက်ထဲ အခွင့်မရှိဘဲ ၀င်လာလို. ။

ရိုင်းစ်အိုင်ဖန်း ( ဝေလနယ်သား သရုပ်ဆောင် )

(၇) နဲနဲ ကြမ်းလို. ဆင်ဆာဖြတ်ပါတယ် ခင်ဗျာ ။


(၈) မင်းမောနေပြီ မဟုတ်လား။ တနေကုန် ငါ့စိတ်ထဲမှာ ပြေးလွားနေရလို.လေ..။
လီရှပ် ( မန်ယူ ကစားသမားဟောင်း နှင့် ရုပ်သံတင်ဆက်သူ )


(၉) နဲနဲ ဗြောင်ကျလို. ဆင်ဆာဖြတ်ပါတယ်ခင်ဗျာ ။


(၁၀) မင်းမှာ မြေပုံ ရှိလား..။ ငါ မင်းမျက်ဝန်းတွေထဲမှာ လမ်းပျောက်နေလို. ။
ဒါးရီးယပ် ဒန်နက်ရှ် ( စကော့တလန် အဆိုတော် ၊ သီချင်းရေးဆရာ )

http://answerfriends.multiply.com မှ ကူးယူတင်ပြသည် ။ 

စိတ်ဝင်စားဖွယ်ရာများ

၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့.....

၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....

၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..

၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်

၅။ခြင်မှာလည်းသွားရှိတယ်ဗျ

၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း

၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ

၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်...ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစား
    နိုင်လို့သေရတာတဲ့

၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး

၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁

၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)

၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ

၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ

၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ အိပ်ခန်းတဲ့..

၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကိုကိုယ်စားပြုပါတယ်တဲ့

Spades:King DavidClubs:Alexander The GreatHearts:CharlemagneDiamonds:Julius Cesar

၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံးမြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့(ကဲ...ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)

၁၇။ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံလို့မရကြပါဘူးတဲ့... သူတို့ဟာကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ...အဲဒီခွင့်ပြုချက်ကိုအိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်တဲ့...ဟီးဟီး..တစ်မျိုးပဲနော်အဲဒီ Plague ကတော့ဒီလိုလေးပါ... "Fornication Under Consent of the King"(fuck)(ရိုင်းတယ်လို့မထင်စေချင်ပါ... သိစေချင်လို့တင်ပြပေးတာပါခင်ဗျာ...)

၁၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကိုဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့.... ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru"လို့ဖြေကြပါတယ်ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို "Kangaroo" လို့ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက "Wedon"t understand you " ပါတဲ့ဗျား..

၁၉။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး

၂၀။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed"လို့ရေးပြီးပြန်လာကြပါတယ်တဲ့....အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့"OK "ဆိုတာ ဖြစ်လာတာပါ..



http://answerfriends.multiply.com မှ ကူးယူတင်ပြပါသည် ။

Comment